မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  နိုဝင်ဘာ  ၅ 


မူးယစ်ဆေးဝါး   တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြစ်ကြီး နားမြို့    မင်းရပ်ရပ်ကွက် အောင်ဆန်းလမ်းတွင်  မနီ လာဝင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ်  ဆေးပြား ၃၆၀၀ သိမ်းဆည်းရမိသည်။ အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီ မြို့   အမှတ်(၅)ရပ်ကွက် တွင် မသင်္ကာဖွယ်တွေ့ရှိသူ မင်းမင်းကို  စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကို လည်းကောင်း၊ ဆက်လက်၍ ညနေ ၄ နာရီ ခွဲတွင်   ၎င်းငှားရမ်းနေထိုင် သည့် အမှတ်(၅)ရပ်ကွက် နေအိမ်တန်းလျား   အခန်း အမှတ်(၁၁)သို့  ဝင်ရောက် ရှာဖွေရာ   စိတ်ကြွရူးသွပ် ဆေးပြား ၆၅၃၂၅   ပြားကို လည်းကောင်း၊ ထို့နောက် စစ်ဆေးပေါ် ပေါက်ချက်အရ ပူးပေါင်းအဖွဲ့က ညနေ ၅ နာရီတွင် မခက်ခက်အောင် ငှားရမ်းနေထိုင်သည့် အခန်း အမှတ်(၁၂)သို့   ဝင်ရောက် ရှာဖွေရာ  ၎င်းအား မတွေ့ရှိ ရဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ နှင့် အိုက်စ် ၀ ဒသမ ၀၅   ကီလိုတို့ကို   လည်း ကောင်း  သိမ်းဆည်းရမိခဲ့ သည်။

 


ထို့ပြင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်း မြို့   အမှတ်(၁၃)ရပ်ကွက် နေ ရွှေမောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ  ၀၄  ကီလိုနှင့် စိတ်ကြွရူးသွပ်  ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ထို့အတူ   ယင်းနေ့   ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ် မြို့နယ်      ကျတီကျေးရွာ အုပ်စု ချောင်းဆုံကျေးရွာနေ ကျလား၏      နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၀၀ ကို လည်းကောင်း   သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ        ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။


ရဲပြန်ကြား