
နေပြည်တော် ဒီဇင်ဘာ ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု မြိုင်သာယာကျေးရွာရှိ နန့်စီး အောင် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၆၃ ကီလိုဖမ်းဆီးရမိသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့ အမှတ်(၁) ရပ်ကွက်နေ မင်းမင်းထွန်း (ခ) ပါးပြတ်၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၄၇ ပြားကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြိတ်မြို့ ရေပုန်းရပ်ကွက်ကမ်းနားလမ်းတွင် သန်းဌေး(ခ) အာကာဗတ်ကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၉၇၄ ပြားကို လည်းကောင်း။
ထို့ပြင် ယင်းနေ့မွန်းလွဲ ၁နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့ အမှတ်(၂) ရပ်ကွက်နေ အိုက်ခွက်(ခ) ကိုအောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီ လိတ်မြို့နယ် မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာနေ မအီ ရှဲန်လုံ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀နှင့် ဆေးခြောက် ၀ ဒသမ ၄၃ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား