
နေပြည်တော် ဒီဇင်ဘာ ၂၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင် ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ် ရွှေတောကျေးရွာ အုပ်စု ရွှေတောကျေးရွာအနီး ဘားအံ-ဇာသပြင်သွားကားလမ်း တွင် စိုးမောင် မောင်းနှင်ပြီး ခိုင်ဇော်လတ် လိုက်ပါလာသည့် VIGO အမျိုးအစားမော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀၀ ကို လည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် တာချီလိတ် မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု ယန်းခေါင်ကျေးရွာနေ လော်ချို (ခ)အားချို၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀ နှင့် ဘိန်းဖြူ ၀ ဒသမ ၀၁၅ ကီလိုတို့ကို လည်းကောင်း။
ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဝဲကျွန်း ကျေးရွာနေ ရဲဝင်းထွန်း၏နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် အတူ သော်ဇင်ဦးကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀ ကို လည်းကောင်း၊ ယင်းနေ့ည ၁၀ နာရီတွင် ပန်းတောင်းမြို့နယ် ပြည်-တောင်ကုတ်သွား ကားလမ်း ညောင်ကျိုး ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ဇော်မျိုးလွင်(ခ)မောင်မောင် မောင်းနှင်ပြီး ခင်မောင် ငြိမ်း(ခ)ဟိန်း လိုက်ပါလာသည့် HINO အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေး ၉၅ ပြား၊ အိုက်စ် ၀ ဒသမ ၀၀၁ ကီလိုနှင့် ဆေးခြောက် ၀ ဒသမ ၁၅ ကီလို၊ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဆိုင်ကယ် တူးဘောက်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား