
နေပြည်တော် ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက် သူဇာ(၅)လမ်းထိပ် တွင် စိုးဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီ ၃၅ မိနစ်တွင် ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် တပ်မြို့ တောင်ရပ်ရှိ ၎င်း၏နေအိမ်ကို ဆက်လက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက် ပင်လုံလမ်းနှင့် သင်းဝင် လမ်းထောင့်တွင် နေလင်းအောင် (ခ)နေလင်း မောင်းနှင်ပြီး တိုးဝေယံထွဋ်(ခ) အိန်ဂျယ် လိုက်ပါလာသည့် Mazda Axela Blsfp အမျိုးအစားမော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၀၁၅ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ အလား တူ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၂၈)ရပ်ကွက် ပြည်ထောင်စုလမ်းတွင် သားငယ်(ခ) ဟိန်းသူဇော်အောင် နှင့် ပြည့်လင်းစိုး(ခ)ဆိုးပေတို့ နှစ်ဦးကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ အက်တက်စီဆေးပြား ၁၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ညနေ ၆ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၄)ရပ်ကွက် ကန်သာယာလမ်း အမှတ်(၄၈၁)ရှိ ပြည့်လင်းစိုး(ခ)ဆိုးပေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အက်တက်စီဆေးပြား ၃၉၁ ပြား၊ ကက်တမင်း သုည ဒသမ ၀၀၃၆ ကီလိုတို့ကို လည်းကောင်း။
ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ် ဆုံကျေးရွာရှိ စစ်ဆေးရေးဂိတ် တွင် တင်စိုး မောင်းနှင်ပြီး စိုးထက် လိုက်ပါလာသည့် Hijet အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၆၃ ကီလိုကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ် မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု ယန်းခေါင်ကျေးရွာ လမ်းဆုံအနီး ယန်းခေါင်-လွယ်စီတုံကျေးရွာသွား ကားလမ်းတွင် စတီဗင်လား(လ်) ရီးဆန်း မောင်းနှင်လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား