မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၁၅


မြောက်ဥက္ကလာပမြို့နယ်၊   တာချီလိတ် မြို့နယ်နှင့်    လွိုင်လင်မြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ    ဇွန် ၁၃ ရက်   မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်   မြောက် ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် သုဓမ္မာ လမ်းမကြီးတွင် Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ မောင်ရွှေ မြင့်၊ ကျော်ကိုကိုဝင်း(ခ)အရှည်ကြီးနှင့် မလှလှနွယ်တို့   သုံးဦးကို  မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ  ညနေ ၆ နာရီ တွင်   ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၇) ရပ်ကွက် ပင်လုံလမ်းမပေါ်၌ ကျော်သောင်း(ခ)စည်သူ ကို   TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီး နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကို လည်းကောင်း။

 


အလားတူ ဇွန် ၁၃ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည်    တာချီလိတ် မြို့နယ်   မိုင်းဖုန်း(က)   ကျေးရွာအုပ်စု ဝမ်တုံကျေးရွာရှိ အိုက်ထွန်း(ခ)အိုက်ခမ်း ၏ဂိုဒေါင်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ ဂိုဒေါင်စောင့် အိုက်ကျိုင်း(ခ) ကျိုင်းဟွန်၊ အိုက်ကျိုင်း(ခ)အိုက်ထွင်း၊ စိုင်းနုတ်(ခ)စိုင်းဗစ်နှင့်      အိုက်အွန်တို့ လေးဦးကို တွေ့ရှိရပြီး ဂိုဒေါင်အတွင်းရှိ MITSUBISHI   PAJERO   အမျိုးအစား မော်တော်ယာဉ်   နောက်ခန်းအတွင်းမှ ကတ်တမင်း ကီလို ၃၀ နှင့် ဂိုဒေါင်အတွင်း မှ ပွိုင့်-၂၂ ပြောင်းရှည်သေနတ် တစ်လက် (မှန်ပြောင်းတပ်လျက်)၊    ၎င်းကျည်အိမ် တစ်ခု၊     ၎င်းကျည်   ခုနစ်တောင့်နှင့် ဆိုင်ကယ် လေးစီးတို့ကို လည်းကောင်း။

 


ထို့အတူ ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပန်ဝိုးကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီး လွိုင်လင် - တောင်ကြီးသွားကားလမ်းတွင် စိုင်းရွှေအောင်(ခ)စိုင်းစိန်ပန်း မောင်းနှင် ပြီး အိုက်ထွန်း လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။                        

 သတင်းစဉ်