မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း

ရန်ကုန်  ဇွန်  ၁၂
အင်းစိန်မြို့နယ်၌    ပန်းပျိုးလက်များရသစုံဝတ္ထုတိုစုစည်းမှု  စာအုပ် မိတ်ဆက်ပွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၉ ရက် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စာပေဥယျာဉ်အသင်းနှင့် မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ  ဗိုလ်သံမဏိ- တောင်တွင်း ကြီး)၊       မြန်မာနိုင်ငံစာရေးဆရာအသင်း      ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဆရာမင်းဆက်ပိုင်နှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းတို့က မုဒိတာစကားများပြောကြားပြီး ပန်းပျိုးလက်စာအုပ်ထုတ်ဝေသူနှင့်     စာမူရှင်များကိုယ်စား     စာရေး ဆရာမ  ရွှေပြည်သာခိုင်က  ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပန်းပျိုးလက်စာအုပ်ထုတ်ဝေသူနှင့်  စာရေးဆရာများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများရှိ  စာကြည့်တိုက် များနှင့် အခမ်းအနားတက်ရောက်လာကြသူများကို ပန်းပျိုးလက်ရသစုံ ဝတ္ထုတို စုစည်းမှုစာအုပ်များ လှူဒါန်းကြောင်း သိရသည်။ 
ခရိုင် (ပြန်/ဆက်)