
မြို့သစ် သြဂုတ် ၆
မကွေးတိုင်းဒေသကြီး မြို့သစ်မြို၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်း ကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် အစာအုပ်စု သုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲ နှင့် ကျန်းမာရေးဆိုင်ရာ မေးခွန်း ၁၀၀ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းများ၌ ကျင်းပသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်းမူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၀၃ ဦး နှင့် ကျန်းမာရေးဆိုင်ရာမေးခွန်း ၁၀၀ ဖြေဆိုသူ ၁၃၂ ဦးနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျန်းမာရေးဆိုင်ရာ မေးခွန်း ၁၀၀ ပြိုင်ပွဲ ဝင်ရောက် ဖြေဆိုသူ ၉၃ ဦးနှင့် ဆေးရောင် ခြယ်ပြိုင်ပွဲဖြေဆိုသူ ၈၂ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၄၁၀ ဦးတို့က ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့သစ် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးဇော်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ ဆရာမများက ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကိုဇော် (ပြန်/ဆက်)