မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးခြင်းကြောင့် ရွှေကျင်မြို့နယ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

 

ရွှေကျင်     ဇူလိုင်    ၂၅


ရွှေကျင်မြို့နယ်၌   ဇူလိုင်၂၄ ရက် ညနေပိုင်းမှ ၂၅ ရက်  နံနက်ပိုင်း   အထိ  မိုးရေချိန်  ရှစ်လက်မထိရွာသွန်းပြီး   မြစ်ရေများတစ်ရှိန်ထိုး တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။


ရွှေကျင်မြစ်ရေမှာ ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီတွင် ၆၀၅ စင်တီ မီတာရှိရာမှ ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီတွင် ၈၇၅ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့်  ၁၂ နာရီအတွင်း ၂၇၀ စင်တီမီတာ (ရှစ်ပေကျော်ခန့်)၊ ထို့အတူ စစ်တောင်းမြစ်ရေမှာလည်း ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီတွင် ၁၀၅၅ စင်တီမီတာရှိရာမှ ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီတွင် ၁၁၈၈ စင်တီမီတာသို့ရောက်ရှိခဲ့သဖြင့်  ၁၂ နာရီအတွင်း    ၁၃၃  စင်တီမီတာ   (လေးပေခန့်) မြင့်တက်ခဲ့ခြင်းဖြစ်သည်။


ထိုသို့မြစ်ရေကြီးမှုကြောင့်  ရွှေကျင်မြို့နယ်အတွင်းရှိ  ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၁၅ စုမှ အိမ်ထောင်စု ၁၂၀၀ ခန့်၊ လူဦးရေ ၄၅၀၀ ခန့်မှာ  ရေဘေးသင့်ပြီး ၎င်းတို့အနက် အိမ်ထောင်စု ၇၅၀ ခန့်၊  လူဦးရေ ၃၀၀၀ ခန့်တို့အား   ရွှေတောင်ဦးဘုရားစေတီ၊    Cyclone Shelter အားကစားခန်းမနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင် ကျောင်းများတွင် ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း၊ ရေဘေး  သင့်အိမ်ထောင်စုများအား ကူညီကယ်ဆယ်ရေးနှင့် အစားအသောက် များ၊  ဆေးဝါးများထောက်ပံ့ခြင်းတို့ကို   မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့နှင့် တပ်မတော်၊ ဌာနဆိုင်ရာများ၊ အလှူရှင်များပူးပေါင်း၍   စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ထို့အပြင်  ရပ်ကွက်/ကျေးရွာအုပ်စု များရှိ  စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယနေ့မှစ၍ ယာယီ ပိတ်ထားရကြောင်း သိရသည်။             

ပိန်းဇလုပ် - သိန်းညွန့်