
နေပြည်တော် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသည့် PDF အမည်ခံအကြမ်းဖက်သမား များက အခြေခံပညာအထက်တန်းကျောင်းခွဲဝင်း အတွင်းရှိ ဆရာ ဆရာမများနေထိုင်ရန် ဆောက်လုပ် ထားသည့် နေအိမ်လိုင်းခန်း တစ်လုံးအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီ မိနစ် ၅၀ တွင် မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ယမ်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲဝင်း အတွင်းရှိ ဆရာ ဆရာမများနေထိုင်ရန် ဆောက်လုပ် ထားသည့် နေအိမ်လိုင်းခန်း တစ်လုံးကို PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် မိနစ် ၂၀ အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ပျဉ်ခင်း၊ ဝါးကာ နေအိမ်လိုင်းခန်းတစ်လုံး (တန်ဖိုးငွေကျပ် ၃၀၀,၀၀၀ ခန့်) မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ထိုကဲ့သို့ ဆရာ ဆရာမများနေထိုင်ရန် ဆောက် လုပ်ထားသည့် နေအိမ်လိုင်းခန်းကို မီးရှို့ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်