မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်ပြည်သူ့ဆေးရုံကြီးအား Drone ယာဉ်ဖြင့် လက်လုပ်ဗုံးချိတ်ဆွဲပစ်ချတိုက်ခိုက်

 

နေပြည်တော်    ဇွန်   ၂၂


နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ သည်     နိုင်ငံတော်အတွင်း        တည်ငြိမ်အေးချမ်း မှု   ပျက်ပြားစေရန်နှင့်   ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန်    ရည်ရွယ် ၍  မြို့နယ်အချို့၌   ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့်  စာသင်ကျောင်းများ ကို    အကြမ်းဖက်ဖောက်ခွဲခြင်း၊   ပစ်ခတ် တိုက်ခိုက်ခြင်းနှင့်  နိုင်ငံ့ဝန်ထမ်းများ၊  ပြည်သူ များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင်    ပြည်သူ့ဆေးရုံ များကိုပါ  အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊         မိုင်းထောင်ဖောက်ခွဲခြင်းနှင့်    Drone   ယာဉ် များအသုံးပြု၍         လက်လုပ်ဗုံး   ချိတ်ဆွဲပစ်ချ တိုက်ခိုက်ခြင်းများ     ပြုလုပ်နေကြသည်ကို     တွေ့ရှိရသည်။

 


ထိုသို့    ပြုလုပ်လျက်ရှိရာ     ဇွန် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် မကွေးတိုင်း ဒေသကြီး             ဂန့်ဂေါမြို့နယ်  မြောက်ကုန်းရပ်ကွက်ရှိ          ခရိုင် ပြည်သူ့ဆေးရုံကြီးကို             PDF အမည်ခံ         အကြမ်းဖက်အဖွဲ့က Drone         ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံးဖြင့် ချိတ်ဆွဲ ပစ်ချတိုက်ခိုက်ခဲ့သဖြင့်    ဆေးရုံ ဝင်းအတွင်းရှိ   ပြင်ပလူနာဆောင် ရှေ့ ပေ ၂၀ ခန့်အကွာသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

 


ထိုကဲ့သို့      ပြည်သူလူထုကို ဆေးကုသမှု    ဆောင်ရွက်ပေးနေ သည့်         ခရိုင်ပြည်သူ့ဆေးရုံကြီး ကို လက်လုပ်ဗုံးပစ်ချ  တိုက်ခိုက်ခဲ့သူ    အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး       အရေးယူနိုင်ရေး         လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်      ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်