
နေပြည်တော် ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် စိုကန်ကျေးရွာရှိ “စိုကန်”ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီတွင် မြိုင်မြို့နယ် စိုကန်ကျေးရွာရှိ “စိုကန်” ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သိမ်ကျောင်းအတွင်း၌ ကျောင်း ထိုင်ဆရာတော် ဥူးဉာနိက သက်တော် (၄၄)နှစ် (၂၁) ဝါ (ဘ)ဦးဉာဏ်မြင့်သည် ကျောင်းနေ သံဃာများဖြစ်သည့် ဥူးအိန္ဒြိရ သက်တော် (၇၃)နှစ် (၇) ဝါ (ဘ)ဦးချစ်ထွေး၊ အရှင်ဇာနိတ္တရ သက်တော်(၁၂)နှစ် (ဘ)ဦးမြင့် အောင်၊ အရှင်တေဇနိယ သက်တော်(၁၀)နှစ် (ဘ) ဦးမြင့် အောင်၊ အရှင်ဝိမလ သက်တော် (၁၁)နှစ် (ဘ) ဦးမြတိုးနှင့် အာဂန္တု ဆရာတော်ဖြစ်သည့် ပေါက် မြို့နယ် စခန်းလှကြီးကျေးရွာ ဘုန်းကြီးကျောင်းမှ ဥူးဝိမလ သက်တော်(၆၀)နှစ် (၁၉) ဝါ (ဘ)ဦးထွန်းစိန်၊ စိုကန်ကျေးရွာနေ မောင်ထွေးလင်း (၂၇)နှစ် (ဘ)ဦးမြတိုးတို့နှင့်အတူ ရှိနေစဉ် မြိုင်-ကမ္မ ကားလမ်းအတိုင်း ဆိုင်ကယ်များ မောင်းနှင်လာသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ခန့်သည် သေနတ်များကိုယ်စီ ကိုင်ဆောင်ထားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဆဲဆို အော်ဟစ် ဝင်ရောက်လာခဲ့သည်။
ထိုသို့ အကြမ်းဖက်သမား များ ဝင်ရောက်လာစဉ် ကျောင်း ထိုင်ဆရာတော် ဥူးဉာနိက သည် ကိုရင်ငယ်လေးများအား ခေါ်ဆောင်ကာ အကြမ်းဖက် သမားများ၏ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
အကြမ်းဖက်သမားများသည် ကျောင်းဝင်းအတွင်း ဝင်ရောက် လာပြီး ကျောင်းတိုက်ဘေးတွင် ရပ်တန့်ထားသည့် ဘုန်းကြီး ကျောင်းပိုင် Mark II မော်တော် ယာဉ်တစ်စီးအား သေနတ်များ ဖြင့် ပစ်ခတ်ပြီး လက်လုပ်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ သော်လည်း လက်လုပ်မိုင်း နှစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိခဲ့ သဖြင့် အကြမ်းဖက်သမားများမှာ သိမ်ကျောင်းအတွင်း ထပ်မံ ဝင်ရောက်၍ သိမ်ကျောင်းအတွင်း ကျန်ရှိနေသည့် အာဂန္တုဆရာ တော် ဥူးဝိမလထံမှ လက်ကိုင် ဖုန်း နှစ်လုံးအား လုယက် ယူဆောင်ကာ မြိုင်-ကမ္မ ကား လမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
အကြမ်းဖက် သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့မှု ကြောင့် ဘုန်းကြီးကျောင်းပိုင် MARK II မော်တော်ယာဉ် ၏ ယာဘက်နောက်ဘီးအပေါ် ကိုယ်ထည်၌ ကျည်နှစ်ချက်ထိမှန် ပျက်စီးခဲ့ပြီး ယာဉ်၏ ဝဲဘက် အခြမ်း မြေကြီးပေါ်၌ မပေါက်ကွဲ သေးသည့် လက်လုပ်မိုင်း နှစ်လုံး အား တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖောက်ခွဲ ရှင်းလင်းခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် အကြမ်းဖက်သမားများ ၏ အကြမ်းဖက်ရန်ပြုမည်ကို စိုးရွံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည့် ကျောင်းထိုင်ဆရာတော်နှင့် ကိုရင် သုံးပါးတို့အား ပြန်လည် ရှာဖွေကာ အာဂန္တုဆရာတော်နှင့် အတူ လုံခြုံစိတ်ချရသည့်နေရာ သို့ ပင့်ဆောင် သီတင်းသုံးစေ လျက်ရှိပြီး ဘုန်းကြီးကျောင်း အတွင်း ဝင်ရောက်ကာ ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား