မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအား PDF အမည်ခံအကြမ်းဖက် အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးကာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး

 

နေပြည်တော်   ဇူလိုင်   ၂၆


မကွေးတိုင်းဒေသကြီး   ပေါက်မြို့နယ်  တပ်ကုန်းကျေးရွာအား    ဇူလိုင်  ၂၆ ရက်က  PDF အမည်ခံအကြမ်းဖက်အဖွဲ့ များက    လက်နက်ငယ်၊    လက်လုပ် စိန်ပြောင်းများဖြင့်    ပစ်ခတ်တိုက်ခိုက် ကာ    မီးရှို့ခဲ့မှုကြောင့်    ကျေးရွာနေ အမျိုးသားလေးဦးနှင့်   အမျိုးသမီးသုံးဦး သေဆုံးခဲ့ကာ  အမျိုးသားတစ်ဦး  ဒဏ်ရာ ရရှိခဲ့ပြီး   လူနေအိမ် ၄၁ လုံး   မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ဇူလိုင် ၂၆ ရက်    နံနက် ၆ နာရီ  ၅  မိနစ်ခန့်တွင်   ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအား    PDF   အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား   ၃၀၀   ခန့်က ကျေးရွာ၏   တောင်ဘက်    မီတာ ၄၀၀ ခန့်အကွာမှ  လက်နက်ငယ်၊  လက်လုပ် 
စိန်ပြောင်းများဖြင့်    လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ် များ         မီးရှို့ဖျက်ဆီးလျက်ရှိ ကြောင်း   သတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က   အခြေအနေကို    ထိန်း သိမ်းနိုင်ရေး       အဆိုပါနေရာသို့ ဝန်ခြုံး-ပင်တောင်-တပ်ကုန်း-ကိုင်းလယ်လမ်းအတိုင်း ထွက်ခွာ လာစဉ်         တပ်ကုန်းကျေးရွာ၏ တောင်ဘက်     မီတာ   ၁၀၀  ခန့် အကွာအရောက်၌  PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ချောင်း မြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေး             တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ          တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ    သည် စမ်းရေခုံကျေးရွာဘက်သို့ ဆုတ် ခွာထွက်ပြေးသွားခဲ့သည်။

 


မီးလောင်ဒဏ်ရာများဖြင့် သေဆုံး


ဆက်လက်၍      လုံခြုံရေး တပ်ဖွဲ့ဝင်များက          တပ်ကုန်း ကျေးရွာသို့  သွားရောက်စစ်ဆေး ခဲ့ရာ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၏   မီးရှို့၊   ပစ်ခတ်တိုက် ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ လူနေ အိမ်  ၄၁ လုံးခန့်မှာ   မီးလောင် ကျွမ်းနေသည်ကို    တွေ့ရှိရပြီး အဆိုပါ    ကျေးရွာကာကွယ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဦးစန်းမင်း အောင် (၃၃) နှစ် (ဘ) ဦးတင်အောင်၊ ဦးတင်မောင်ဝင်း  (၃၇) နှစ် (ဘ)ဦးမြထွန်းနှင့် ကျေးရွာနေပြည်သူ ဒေါ်ခင်မြင့်စိုး    (၅၀)  နှစ်   (ဘ) ဦးချစ်စိန်တို့တွင်     ကျည်ထိမှန် ဒဏ်ရာများဖြင့်   လည်းကောင်း၊ ကျေးရွာနေပြည်သူများဖြစ်သည့် ဦးဝင်းအေး   (၃၅)   နှစ်     (ဘ)ဦးကျော်အောင်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းကြည် (၃၄)  နှစ် (ဘ) ဦးထွန်းခင်၊ သမီးဖြစ်သူ မသုန်နဒီ မိုး     (၁၂)     နှစ်နှင့်   သားဖြစ်သူ ဉာဏ်လင်းအောင် (၇) နှစ်တို့မှာ မီးလောင်ဒဏ်ရာများဖြင့် လည်း ကောင်း  သေဆုံးနေပြီး  ကျေးရွာ    ကာကွယ်ရေးအဖွဲ့ဝင် ကိုပြည့်စုံ အောင်  (၂၁)  နှစ်   (ဘ) ဦးအေးကြံ တွင်  ယာနားရွက်  ကျည်ထိမှန် ဒဏ်ရာတစ်ချက် ရရှိထားသည် ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ပေါက်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 


ဥပဒေနှင့်အညီ အရေးယူနိုင်ရေး


ထိုကဲ့သို့ ကျေးရွာနေအပြစ်မဲ့ ပြည်သူများကို    ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး   လူနေအိမ်များ  မီးရှို့ ဖျက်ဆီးခဲ့သည့်   အကြမ်းဖက်သူ များကို     ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ ဖော် ထုတ်   အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက         ဆက်လက် ဆောင်ရွက်လျက်        ရှိကြောင်း သတင်းရရှိသည်။   
   

သတင်းစဉ်