မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများ လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ ကို PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်

 

နေပြည်တော်  ဇူလိုင်   ၆


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ  Myanmar Effort  အထည်ချုပ်စက်ရုံ ဝန်ထမ်းများ လစာပေးရန်  ထုတ်ယူလာသည့်  ငွေကျပ်သိန်း ၂၆၀၀ ကို PDF အမည်ခံ   အကြမ်းဖက်သမားများက   ဓားပြတိုက် လုယက်ယူဆောင်သွားကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် နံနက်ပိုင်းက ပခုက္ကူ မြို့နယ် ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည့် Myanmar Effort အထည်ချုပ်စက်ရုံ ကုမ္ပဏီ ပိုင်ရှင်၊ အဆိုပါကျေးရွာနေ ဦးဖြိုးမင်းကျော် (၃၁)နှစ်(ဘ)ဦးဆန်းထွန်းသည် စက်ရုံမှ ဝန်ထမ်းများကို  လစာပေးနိုင်ရေးအတွက် ပခုက္ကူမြို့ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂၆၀၀ ကို ၎င်းစီးနင်းသည့် MGY 9G------ Hundi  မော်တော်ယာဉ်ဖြင့်   တစ်ဦးတည်း သွားရောက်ထုတ်ယူပြီး  ကျေးရွာသို့  ပြန်လာစဉ်  နံနက် ၁၁ နာရီခွဲတွင် ပန်းတိုင်းချုံကျေးရွာအနီး အရောက်၌   လမ်းဘေး၌  ရပ်တန့်ထားသည့်   Nisan Tarano   အမျိုးအစား    အဖြူရောင်ယာဉ်ပေါ်မှ PDF အမည်ခံအကြမ်းဖက်သမား ခြောက်ဦးခန့်က လက်နက်များ    ကိုယ်စီကိုင်ဆောင်ဆင်းလာပြီး ဦးဖြိုးမင်းကျော်၏ မော်တော်ယာဉ်ကို  တားဆီးကာ  အဆိုပါမော်တော်ယာဉ်နှင့်  ယာဉ်ပေါ်တင်ဆောင်လာ သည့် ငွေကျပ်သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်း သုံးလုံး တို့ကို ဓားပြတိုက်လုယက်ယူဆောင်ကာ   ရေစကြို မြို့နယ်    ဆင်ကျို့ကျေးရွာဘက်သို့   မောင်းနှင် ထွက်သွားခဲ့သည်။

 


ထိုကဲ့သို့ Myanmar Effort အထည်ချုပ်စက်ရုံ ပိုင်ငွေနှင့်   မော်တော်ယာဉ်တို့အား  ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့်   အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး   နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက     ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။                    

       
သတင်းစဉ်