မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက

 

နေပြည်တော်    မေ   ၂၈


မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ PDF  အမည်ခံ အကြမ်းဖက်သမားများက မေ  ၂၇ ရက် မွန်းလွဲပိုင်းတွင် ဇယမ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို   ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီး ကျောင်းပိုင် မော်တော်ယာဉ် တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

 


ပစ်ခတ်သတ်ဖြတ်


ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့နယ် ဇယမကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား ၃၀ ခန့်က မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့်   ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးဇော်ဝေ(၄၀)နှစ် (ဘ)ဦးအေးကြူနှင့် ၎င်း၏ ဇနီး ဒေါ်သင်းသင်းနွယ် (၄၀)နှစ် (ဘ)ဦးဖိုးရွှေတို့ နှစ်ဦးကို ၎င်းတို့၏ နေအိမ်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက် အကြမ်းဖက်သမားများက ကျေးရွာဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ  သောမာလေက သက်တော်  (၆၁)နှစ်   ဝါတော်(၄၁)ဝါ၊  (ဘ) ဦးပေါက်တူးကို သေနတ်ဖြင့် ထပ်မံပစ်ခတ်သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းအတွင်း ထားရှိသည့် အလှူငွေကျပ်သိန်း ၂၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောင်းပိုင် မော်တော်ယာဉ်တစ်စီးတို့ကို လုယက်ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

 


အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်


ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏  အထွတ်အမြတ် ထားရာ ဘုန်းတော်ကြီးများ၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်၍ လုယက်မှုများ  ကျူးလွန်ခဲ့သည့်   PDF  အမည်ခံ အကြမ်းဖက်သမားများကို   ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း   သတင်း ရရှိသည်။                                                              

 

သတင်းစဉ်