မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ မြို့နယ်ရဲစခန်းနှင့် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူ-ပေါက် အများပြည်သူသွား ကားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း/ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

 

နေပြည်တော်   မတ်   ၂၅


မကွေးတိုင်းဒေသကြီး   ရေစကြို မြို့နယ်ရှိ      မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးအား  ယနေ့ နံနက် ၁၁ နာရီ တွင်PDF အမည်ခံ အကြမ်းဖက် သမားနှစ်ဦးက    ဆိုင်ကယ်တစ်စီး ဖြင့် ရဲစခန်း၏    တောင်မှမြောက်သို့  မောင်းနှင်လာကာ    လက်လုပ် ဗုံးဖြင့်   ပစ်ပေါက်ထွက်ပြေးသွားကြောင်းသတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များက   သွားရောက် စစ်ဆေးခဲ့ရာ    ပေါက်ကွဲခြင်း မရှိသေးသည့်        လက်ပစ်ဗုံး တစ်လုံးအား    တွေ့ရှိရသဖြင့် အများပြည်သူ   အသက်အန္တရာယ် မရှိစေရေး   သက်မဲ့ပြုလုပ်  သိမ်း ဆည်းခဲ့သည်။ 

 


အလားတူ     မကွေးတိုင်း ဒေသကြီး       ပခုက္ကူမြို့နယ် ညောင်ပင်လှ        ကျေးရွာအနီးရှိ ပခုက္ကူ-ပေါက်  အများပြည်သူ သွား   ကားလမ်းအား  မတ် ၂၃ ရက်    နံနက်  ၁၀  နာရီခွဲတွင်    PDF    အမည်ခံ      အကြမ်းဖက် သမားများက         လက်လုပ်မိုင်းများ ဖြင့်          ဖောက်ခွဲဖျက်ဆီးခဲ့ သည်။ 

 


အဆိုပါ     ပေါက်ကွဲမှုကြောင့် ကတ္တရာလမ်း      အနည်းငယ် ပေါက်ပြဲပျက်စီးခဲ့ပြီး       လူနှင့် တိရစ္ဆာန်များ      ထိခိုက်ဒဏ်ရာ ရရှိမှု    မရှိကြောင်းနှင့်    လုံခြုံရေး တပ်ဖွဲ့ဝင်များက     အများပြည်သူ အေးချမ်းစွာ     သွားလာနိုင်ရေး  လိုအပ်သည့်    လုံခြုံရေးလုပ်ငန်း များ     ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်