မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နေသော ဗိဿနိုး PDF အဖွဲ့တာဝန်ခံ ဝင်းမြင့်လှိုင် (NLD ပါတီ၊ တောင်တွင်းကြီးမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)အား ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၁


နိုင်ငံတော်   တည်ငြိမ်အေးချမ်းမှု ကို ပျက်ပြားစေရန်  ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊   လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်း များအား လုပ်ကြံသတ်ဖြတ်ခြင်း၊  မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် NLD ပါတီဝင်၊ တောင်တွင်းကြီး မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်     ကိုယ်စားလှယ် ဟောင်း၊ ဗိဿနိုးနယ်မြေ PDF အဖွဲ့တာဝန်ခံ  ဝင်းမြင့်လှိုင်အား နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရပ်စောက်မြို့နယ် နောင်ဘိုကျေး ရွာအနီး နောင်ဘိုပူးပေါင်းစစ်ဆေး ရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

 


တရားခံ   ဝင်းမြင့်လှိုင်နှင့်အတူ  အကြမ်းဖက် တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံး ပြုလျက်ရှိသည့် Sig Sauer P320 အမျိုးအစား ပစ္စတို နှစ်လက်၊ ကျည်အိမ်   လေးခု၊ ၉ မမ ကျည် ၁၁၆ တောင့် တို့ကို သိမ်းဆည်းရမိခဲ့သည်။

 


တရားခံ ဝင်းမြင့်လှိုင်၏ ထွက်ဆိုချက်အရ ၎င်း သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောင်တွင်း ကြီးမြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့ ကြောင်း၊ မေလအတွင်း KNU  တပ်မဟာ(၂)နယ်မြေ သို့    ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး   တပ်မဟာ (၂) မှ   MA-3 သေနတ် တစ်လက်နှင့် လက်ပစ်ဗုံး လေးလုံး အားယူဆောင်၍  မကွေးတိုင်းဒေသကြီး   မြို့သစ် မြို့သို့ ပြန်လာခဲ့ကြောင်း၊ အဆိုပါယူဆောင်လာသည့် လက်နက်ခဲယမ်းများအား   တောင်တွင်းကြီး PDF အဖွဲ့ဝင်များဖြစ်သည့်   ကျီးကန်း၊   ဇော်ရင် တို့ကို ပေးအပ်၍ တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ရဲစခန်းတို့အား ဖောက်ခွဲ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း။ 

 


ထို့ပြင် ဇွန်လအတွင်း   KNU အဖွဲ့ဝင် ကိုကျော်နှင့် ချိတ်ဆက်၍ ပစ္စတို လေးလက်၊ ကျည်အိမ် ရှစ်ခု၊ ၉ မမ ကျည် ၂၁၆ တောင့်ကိုဝယ်ယူ၍ တောင်တွင်းကြီး PDF အဖွဲ့ဝင် ပါလေးထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း။

 


တရားခံ    ဝင်းမြင့်လှိုင်သည်    ဇူလိုင်လတွင် တောင်တွင်းကြီးမြို့၊  မကွေးမြို့၊ မြို့သစ်မြို့၊ နတ် မောက်မြို့၊   ရေစကြိုမြို့၊   အောင်လံမြို့များတွင် တာဝန်ခံများခန့်အပ်၍ ဗိဿနိုးနယ်မြေ PDF အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အပြင် တရားခံပြေး ဇော်ဝေစိုး၊ တရားခံပြေး ရည်မွန်တို့နှင့် ချိတ်ဆက်၍ ငွေကြေး များတောင်းခံခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း၊ ရရှိလာသည့် လက်နက် ခဲယမ်းနှင့်   ဖောက်ခွဲရေးပစ္စည်းများကို   အသုံးပြု၍ မကွေးတိုင်းဒေသကြီးအတွင်း ဖောက်ခွဲဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ     လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

ဗိဿနိုးနယ်မြေ PDF အဖွဲ့သည် မကွေးတိုင်း ဒေသကြီးအတွင်း လူသတ်၊ မီးရှို့၊ မိုင်းထောင်၊ ဗုံးခွဲ စသည့်အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်ခဲ့ရာ ဗုံးခွဲတိုက်ခိုက်မှု ၂၆ ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု ၁၁ ကြိမ် စုစုပေါင်း ၃၇ ကြိမ်အား အောက်ပါအတိုင်း လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်-


-    တောင်တွင်းကြီးမြို့နယ်အတွင်း    အပြစ်မဲ့ အရပ်သားနေအိမ်များ၊ တပ်စခန်း အနီးနေရာ များ၊ ရဲစခန်းဝန်ထမ်းအိမ်ရာများ၊ ဈေးဆိုင်နှင့် ကွမ်းယာဆိုင်များ၊ စစ်ဆေးရေးဂိတ်စခန်းများ အား ဗုံးခွဲတိုက်ခိုက်မှု ခြောက်ကြိမ်နှင့် အပြစ်မဲ့ အရပ်သား နှစ်ဦးအား လုပ်ကြံသတ်ဖြတ်ခြင်း နှစ်ကြိမ်။

 


-    မကွေးမြို့နယ်အတွင်း လုံခြုံရေးအခြေစိုက်နေရာအနီးနှင့်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီး၊ လျှပ်စစ်ရုံးအနီး၊ ပညာ ရေးမှူးရုံး အနီးနှင့် Mytel တာဝါတိုင်တို့အား ဗုံးဖောက်ခွဲမှု ငါးကြိမ်။
-    မြို့သစ်မြို့နယ်အတွင်း  လျှပ်စစ်ရုံး၊ စည်ပင် သာယာရေးရုံး၊   ရဲစခန်း၊   ဆက်သွယ်ရေး ကေဘယ်တိုင်တို့အား ဗုံးဖောက်ခွဲမှု လေးကြိမ်၊ အုပ်ချုပ်ရေးမှူး ငါးဦးအား လုပ်ကြံသတ်ဖြတ်မှု  ငါးကြိမ်။
-    ရေစကြိုမြို့နယ်အတွင်း ရဲစခန်းများ၊ စည်ပင် ဝန်ထမ်းနေအိမ်၊ အပြစ်မဲ့ အရပ်သားနေအိမ် တို့အား ဗုံးခွဲတိုက်ခိုက်မှု လေးကြိမ်။
-    နတ်မောက်မြို့နယ်အတွင်း မြန်မာ့စီးပွားရေး ဘဏ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်များ၊ Mytel တာဝါတိုင် နှစ်ခုတို့အား ဗုံးခွဲတိုက်ခိုက်မှု ငါးကြိမ်၊ အုပ်ချုပ်ရေးမှူး သုံးဦးအား လုပ်ကြံ သတ်ဖြတ်မှု သုံးကြိမ်။
-    နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးအား   ဒလန်အဖြစ်   စွပ်စွဲ လုပ်ကြံသတ်ဖြတ်ခြင်း တစ်ကြိမ်။
-    အောင်လံမြို့နယ်အတွင်း     လဝကရုံးအား ဗုံးဖောက်ခွဲမှု တစ်ကြိမ်။
-    ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပညာ ရေးမှူးရုံးအား ဗုံးဖောက်ခွဲမှု တစ်ကြိမ်။

 


သို့ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွင်း ဗိဿနိုး နယ်မြေ PDF အဖွဲ့  ဖွဲ့စည်း၍  အကြမ်းဖက်လုပ်ရပ် များအား ဦးဆောင်ပြုလုပ်ခဲ့သူ တရားခံ ဝင်းမြင့်လှိုင် အား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိမ်းရှောင်ထွက်ပြေးနေသည့်  အကြမ်းဖက်သမားများအား ဆက်လက်ဖမ်းဆီးရမိ နိုင်ရေးအတွက် မိဘပြည်သူများမှ  နီးစပ်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း   သက်ဆိုင်ရာက   အသိပေး သတင်းထုတ်ပြန်ထားသည်။


သတင်းစဉ်