မလေးရှား ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာလမ်းလျှောက်အားကစားမယ် ဇင်မေထက် ရွှေတံဆိပ် ဆွတ်ခူး

 

ရန်ကုန်    ဇွန်   ၁၅
မလေးရှားချန်ပီယံရှစ် ပြေးခုန်ပစ် ပြိုင်ပွဲကို ဇွန် ၁၅ ရက်က မလေး ရှားနိုင်ငံ ဆာရာဝပ်မြို့၌ကျင်းပရာ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်  စတင်ဆွတ်ခူးရရှိပြီး     မြန်မာ လမ်းလျှောက်   အားကစားမယ် ဇင်မေထက်က ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
မီတာ  ၂၀၀၀၀   အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေ ထက် (မြန်မာ) က ၁ နာရီ  ၅၅ မိနစ်   ၀၅  ဒသမ ၁၃ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ ဟူဆင် (Wil Persek-utuan၊ မလေးရှား)  က  ၂  နာရီ  ၁ မိနစ်၊ ၄၆ ဒသမ ၇၇ စက္ကန့်ဖြင့် ငွေတံဆိပ်၊  လီဘင်ရင် (ပါဟန်း၊ မလေးရှား) က  ၂ နာရီ  ၆   မိနစ်  ၅၂   ဒသမ     ၉၁   စက္ကန့်ဖြင့်  ကြေးတံဆိပ်ရရှိသည်။   အမျိုး သမီး     လမ်းလျှောက်ပြိုင်ပွဲတွင် ကစားသမား ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ပြီး    မြန်မာ့လက်ရွေးစင် လမ်းလျှောက်မယ်  ဇင်မေထက် က  ရွှေတံဆိပ်ရခဲ့ခြင်း ဖြစ်သည်။   
ငွေတံဆိပ်ရခဲ့သည့်    မလေးရှား  အားကစားသမားသည် ပြီးခဲ့သည့်    ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိ ခဲ့သူ ဖြစ်သည်။
ကိုယ်စားပြုယှဉ်ပြိုင်
အိမ်ရှင်မလေးရှားပြေးခုန်ပစ် အဖွဲ့သည်  လက်ရွေးစင်ကစား သမားများ   အပါအဝင်ကစား သမားအင်အား      အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး    ကစား သမားများအနေဖြင့်    မလေးရှား နိုင်ငံရှိ    မြို့များ    ကိုယ်စားပြု ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 
ဝင်ရောက်ယှဉ်ပြိုင်
မလေးရှား      ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အာရှနိုင်ငံ များအပြင် ဥရောပနှင့် လက်တင်   အမေရိကနိုင်ငံများမှ ကစားသမား များ    ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။
ရွှေတံဆိပ်ဆုရရှိ
မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲတွင်  လမ်းလျှောက် ကစားသမား နှစ်ဦးဖြင့် ဝင်ရောက်  ယှဉ်ပြိုင်ခြင်းဖြစ်ပြီး        မီတာ ၂၀၀၀၀ အမျိုးသမီး လမ်းလျှောက် ပြိုင်ပွဲတွင်       ဇင်မေထက်က ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာပြေးခုန်ပစ်    အဖွဲ့တွင် အုပ်ချုပ်/နည်းပြအဖြစ် ဦးထွန်းတင် (ဆီးဂိမ်းလမ်းလျှောက် ရွှေတံဆိပ် ဆုရှင်ဟောင်း)၊      ကစားသမား များအဖြစ်         ပြည့်ဖြိုးထွန်း နှင့်      ဇင်မေထက်တို့         ပါဝင် ကြသည်။
အမျိုးသား မီတာ ၂၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲကို ဇွန် ၁၆ ရက် (ယနေ့)  ဆက်လက်ကျင်းပ မည်ဖြစ်ပြီး        မြန်မာကစားသမား ပြည့်ဖြိုးထွန်း ယှဉ်ပြိုင်မည်ဖြစ် သည်။            
ညီမြတ်သော်တာ 
ဓာတ်ပုံ-ကိုထွန်း