
ကွာလာလမ်ပူ ဒီဇင်ဘာ ၁၅
စာရွက်စာတမ်းမရှိသော ဒုက္ခသည်များကို တင်ဆောင်လာသော လှေတစ်စင်း မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်တွင် တိမ်းမှောက်ခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မလေးရှားပင်လယ် ရေကြောင်း ထိန်းသိမ်းရေးအေဂျင်စီ (အမ်အမ်အီးအေ)က ဒီဇင်ဘာ ၁၅ ရက်က ဖော်ပြလိုက်သည်။
ကလေးငယ်များအပါအဝင် လူပေါင်း ၆၀ ခန့် လှေပေါ်တွင် ပါလာမည်ဟု ယူဆရကြောင်း၊ ၂၁ ဦးကို ကယ်တင်နိုင် ခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ၂၉ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဂျိုဟောအမ် အမ်အီးအေ ညွှန်ကြားရေးမှူး ပထမ အဆင့် ပင်လယ်ရေကြောင်း ရေတပ် ဗိုလ်ချုပ်ကြီး နူရူဟီဇမ်ဇာကာရီယာက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လှိုင်းကြီးလေထန် ဖြစ်နေချိန်တွင် ဒေသစံတော်ချိန် နံနက် ၄နာရီခွဲခန့်က လှေတိမ်းမှောက်ကြောင်း ၎င်းကပြော သည်။
အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေ ရန် ရေတပ်စစ်သင်္ဘောများနှင့် ဝေဟင် ရှာဖွေရေး အထောက်အကူပြုအဖွဲ့များ ဖြင့် ဖြန့်ကြက်ရှာဖွေလျက်ရှိသည်။
ဆင်ဟွာ