မလေးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးရာတွင် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြု

ကွာလာလမ်ပူ    နိုဝင်ဘာ  ၁၇


မလေးရှားကျန်းမာရေးတာဝန်ရှိသူများသည် နိုင်ငံအတွင်းရှိ  အသက် ၁၈ နှစ်နှင့်အထက်    အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံပေးရာတွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသုံးပြုရန် အတည်ပြုခဲ့ကြောင်း ယနေ့ တွင် ကြေညာချက်ထုတ်ပြန်သည်။


မလေးရှားနိုင်ငံ၌    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီး  သုံးလမှ   ခြောက်လအထိ   ကြာမြင့် ခဲ့ပြီးသူများအား Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  တတိယအကြိမ် အပိုဆောင်းထိုးနှံပေးမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ် အဗ္ဗဒူလာက  သတင်းထုတ်ပြန်ချက်တစ်ရပ်တွင်  ပြောကြား သည်။


မလေးရှားနိုင်ငံ၌ နိုဝင်ဘာ ၁၆ ရက်တစ်ရက်တည်းမှာပင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ   ၁၂၁၂၃၂  လုံး အသုံးပြုခဲ့ပြီး   လက်ရှိတွင်   နိုင်ငံလူဦးရေ၏  ၇၈  ဒသမ ၅ ရာခိုင်နှုန်းသည်    ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး  တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၆ ဒသမ ၂ ရာခိုင်နှုန်းသည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်    ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။                    

       ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်