မလေးရှားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ   ဒီဇင်ဘာ   ၁၉


မလေးရှားနိုင်ငံ၌ ဒီဇင်ဘာ ၁၈ ရက်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံ အတွင်း အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၃ ဦး ရှိလာကြောင်း သိရသည်။


ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများဖြစ်


ဒီဇင်ဘာ  ၁၈  ရက်တွင်  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ပြီး ဗြိတိန်နိုင်ငံမှ ပြန်လာသူ သုံးဦး၊ အမေရိကန် နိုင်ငံမှ ပြန်လာသူ သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ တောင်အာဖရိကနိုင်ငံမှ ပြန်လာသူ နှစ်ဦးနှင့် ဩစတြေးလျနိုင်ငံမှ ပြန်လာသူ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု များမြင့်တက်လာသည့်အတွက် နိုင်ငံအတွင်း ဝင်ရောက်လာမည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်းများ တိုးမြှင့် ချမှတ်လျက်ရှိကြောင်း မလေးရှား ကျန်းမာရေးအာဏာပိုင်များ က ပြောကြားသည်။


ထို့ပြင် မလေးရှားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူကြရန် လည်း မလေးရှားကျန်းမာရေးဝန်ကြီး ဂျမာလူဒင်က တိုက်တွန်း ထားကြောင်း သိရသည်။ 


ကိုးကား - စီအင်န်အေ၊ ဘာသာပြန် - အလင်းသစ်