မလေးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၉၁၅ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ အောက်တိုဘာ ၃ 


မလေးရှားနိုင်ငံ၌    လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၉၁၅ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါ ကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၂၆၈၄၉၉ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။ 


အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ခုနစ်ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူ များဖြစ်ပြီး  ကျန် ၁၀၉၀၈ ဦးသည်   ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် နူဟစ်ဟမ်အဗ္ဗဒူလာရှ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၁၀၉ ဦး ထပ်မံသေဆုံး ခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၆၅၆၅ ဦးရှိလာသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက်  ၁၅၃၉၆ ဦး ဆေးရုံများမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၂၀၈၆၁၁၁ ဦး ရှိကြောင်း သိရသည်။ 


လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၁၅၅၈၂၃ ဦးရှိပြီး ၈၉၀ သည် အထူးကြပ်မတ်ကုသဆောင်များ ၌ ဆေးဝါးကုသမှုခံယူနေရပြီး ယင်းတို့အနက် ၄၈၅ ဦးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက် အကူပြုကိရိယာများ တပ်ဆင်ထားရသည်။ 


လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၂၁၁၅၁၇ ခန့် ထိုးနှံပေးပြီးဖြစ်သည်။ နိုင်ငံလူဦးရေ၏     ၇၂ ဒသမ ၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ပြီး ၆၂ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ
 ဘာသာပြန်- အောင်ကျော်ကျော်