
ကွာလာလမ်ပူ သြဂုတ် ၂၈
မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၅၉၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၁၆၈၅၅၁၀ ရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၂ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည် ရောက်ရှိလာသူများဖြစ်ပြီး ကျန် ၂၂၅၈၅ ဦး သည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် နူဟစ်ဟမ်အဗ်ဒူလာရှ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၂၅၂ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါ ကြောင့် သေဆုံးသူပေါင်း ၁၅၈၀၂ ဦးရှိလာ သည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ၁၉၄၉၂ ဦး ဆေးရုံများမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန် လာသူပေါင်း ၁၄၀၁၁၆၀ (ရောဂါကူးစက်ခံရသူ အားလုံး၏ ၈၃ ဒသမ ၁ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၂၆၈၅၄၈ ဦးရှိပြီး ၉၈၆ ဦးသည် အထူးကြပ်မတ် ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူနေရ ပြီး ယင်းတို့အနက် ၄၅၁ ဦးသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ အထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရ သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်