မလေးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၇၅၅ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ  နိုဝင်ဘာ  ၂၅ 


မလေးရှားနိုင်ငံ၌   လွန်ခဲ့သော  ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၅၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံ အတွင်း၌  အဆိုပါရောဂါကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း    ၂၆၀၂၈၃၅ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက   ယနေ့သတင်း  ထုတ်ပြန် သည်။ 


အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၃ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ကျန် ၅၇၃၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီး ဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ 


အလားတူ    လွန်ခဲ့သော ၂၄ နာရီ အတွင်း  ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှု ကြောင့် ၃၇ ဦး    ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၁၄၇ ဦးရှိလာသည်။

 
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါမှ   ပြန်လည်ကျန်းမာလာသည့် အတွက်  ၅၀၈၂ ဦး ဆေးရုံများမှ ဆင်းသွား ခဲ့ရာ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသူပေါင်း   ၂၅၀၃၄၂၇ ဦး ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ  ပိုးတွေ့ဆဲလူနာ ၆၉၂၆၁ ဦးရှိပြီး  ၅၀၆ဦး သည်  အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေရကာ     ယင်းတို့ အနက် ၂၇၀ သည်   အသက်ရှူအထောက် အကူပြုကိရိယာများ တပ်ဆင်ထားရသည်။


လက်ရှိအချိန်အထိ    ပြည်သူ  ၇၈ ဒသမ ၇ ရာခိုင်နှုန်းကျော်သည် ကာကွယ် ဆေးပထမအကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ပြီး ၇၆ ဒသမ ၇  ရာခိုင်နှုန်း   ကျော်သည် ကာကွယ်ဆေး  နှစ်ကြိမ်စလုံး     ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အောင်ကျော်ကျော်