
ကွာလာလမ်ပူ အောက်တိုဘာ ၃၁
မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၅၈၅၄ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါရောဂါ ကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၄၆၆၆၆၃ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၁၃ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူ များဖြစ်ပြီး ကျန် ၅၈၄၁ ဦးသည် ပြည်တွင်း၌ကူးစက် ခံရသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၄၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၈၈၇၆ ဦး ရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ၆၇၁၅ ဦး ဆေးရုံ များမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၂၃၆၈၆၃၄ ဦး ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၆၉၁၅၃ ဦး ရှိပြီး ၅၇၀ သည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေရပြီး ယင်းတို့အနက် ၂၉၃ ဦး သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက် အကူပြုကိရိယာများ တပ်ဆင်ထားရသည်။
လက်ရှိအချိန်အထိ ပြည်သူ ၇၈ ဒသမ ၁ ရာခိုင် နှုန်းသည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှု ခံယူ ပြီးဖြစ်ပြီး ၇၄ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်