မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး  အပြည့်အဝထိုးနှံပြီးသူပေါင်း ၇၅ ဒသမ ၃ ရာခိုင်နှုန်းအထိရှိလာ

 

 

ကွာလာလမ်ပူ   နိုဝင်ဘာ  ၉  


မလေးရှားနိုင်ငံ၌          နိုဝင်ဘာ ၈ ရက် ညသန်းခေါင်အချိန်အထိ  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၄၅၄၃ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည် ပြု လူနာစုစုပေါင်း  ၂၅၁၀၈၅၂ ဦး ရှိလာပြီဖြစ်သည်။ 
အသစ်ထပ်မံ ကူးစက်ဖြစ်ပွား သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၁၅ ဦးမှာ ပြည်ပ ကူးစက်သူများဖြစ်ပြီး၄၅၂၈ ဦးမှာ ပြည်တွင်းကူးစက်သူများ   ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏    ဝက်ဘ်ဆိုက်တွင်   ဖော်ပြထား သည်။ 
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၅၈  ဦး  ထပ်မံသေဆုံးခဲ့ရာ စုစု ပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံး သူပေါင်းမှာ  ၂၉၃၄၉    ဦးအထိ ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည်    ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၇၃၄၈ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၄၁၉၇၄၃ ဦး ရှိပြီဖြစ်သည်။ 
လတ်တလော     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ    ၆၁၇၆၀  ရှိသည့်အနက် ၅၃၄  ဦးမှာ အထူး ကြပ်မတ်ကုသဆောင်တွင် ကုသ လျက်ရှိပြီး ၂၆၃ ဦးမှာ အသက်ရှူ အထောက်အကူပြု       ကိရိယာ လိုအပ်လျက်ရှိသည်။ 
နိုင်ငံအတွင်း     ကိုဗစ်-၁၉ ကာကွယ်ဆေး       အနည်းဆုံး တစ်ကြိမ်    ထိုးပြီးသူပေါင်း    ၇၈ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အပြည့် အဝ ထိုးနှံပြီးသူပေါင်း ၇၅ ဒသမ ၃     ရာခိုင်နှုန်းအထိ    ရှိလာပြီ ဖြစ်သည်။                     ဆင်ဟွာ