မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူပေါင်း ၇၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိ

 

 

ကွာလာလမ်ပူ  နိုဝင်ဘာ  ၁၆   
မလေးရှားနိုင်ငံတွင်     နိုဝင်ဘာ   ၁၅  ရက် ညသန်းခေါင်အချိန်အထိ   ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၅၁၄၃ ဦးအထိ  ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း     ကိုဗစ်-၁၉    အတည်ပြု လူနာ စုစုပေါင်း ၂၅၅၁၄၅၂ ဦး ရှိလာပြီဖြစ် သည်။ 
အသစ်ထပ်မံ      ကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉      ကူးစက်ဖြစ်ပွားသူများအနက်   ၁၃   ဦးမှာ        ပြည်ပကူးစက်သူများဖြစ်  ပြီး      ၅၁၃၀    မှာ     ပြည်တွင်းကူးစက်သူများ ဖြစ်ကြောင်း    ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
ထို့အပြင်  ကိုဗစ်-၁၉ ကြောင့်   ၅၃ ဦး ထပ်မံသေဆုံးခဲ့ရာ    စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်းမှာ ၂၉၇၂၉ ဦးအထိ ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး‌ဆေးရုံမှ     ဆင်းလာသူ ၄၅၅၁ ဦးအပါအဝင်    စုစုပေါင်း  ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၄၅၅၇၆၇ ဦး ရှိပြီဖြစ် သည်။ 
လတ်တလော    ကိုဗစ်-၁၉  ကူးစက်သူ ၆၅၉၅၆   ဦး     ရှိသည့်အနက်    ၅၂၆ ဦးမှာ  အထူးကြပ်မတ်ကုသဆောင်တွင်    ကုသ လျက်ရှိပြီး   ၂၅၀   မှာ    အသက်ရှူအထောက် အကူကိရိယာ လိုအပ်လျက်ရှိသည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး   တစ်ကြိမ်ထိုးပြီးသူပေါင်း  ၇၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး အပြည့်အဝထိုးနှံပြီး သူပေါင်း ၇၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာ ပြီဖြစ်သည်။ 
ဆင်ဟွာ