
ကွာလာလမ်ပူ စက်တင်ဘာ ၂၇
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက်ညပိုင်းက ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၃၁၀၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ ၂၁၉၈၂၃၅ ဦး ရှိသည်ဟု ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။
ပြည်ပမှ ကူးစက်လာသူ ရှစ် ဦးရှိပြီး ပြည်တွင်းကူးစက်ခံရသူ မှာ ၁၃၀၉၆ ဦးရှိသည်ဟု သိရ သည်။ နောက်ထပ် သေဆုံးသူ ၂၇၈ ဦး တိုးလာသည့်အတွက် သေဆုံးသူအရေအတွက်မှာလည်း ၂၅၄၃၇ ဦးရှိလာသည်။
ယင်းနေ့တွင်ပင် ပြန်လည် ကျန်းမာလာသူ အရေအတွက်မှာ ၂၀၉၇၁ ဦး တိုးလာခဲ့သည်။ လက်ရှိတွင် ရောဂါခံစားနေရသူ ၁၈၃၂၈၉ ဦး ရှိပြီး အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေ သူ ၁၀၅၀ ရှိသည်။
လူနာ ၅၈၂ ဦးမှာ အသက်ရှူ အထောက်ကူပြု ကိရိယာတပ်ဆင် ထားရသည်။ စက်တင်ဘာ ၂၆ ရက် တစ်ရက်တည်းတွင်ပင် မလေးရှားနိုင်ငံ၌ လူပေါင်း ၂၆၉၄၆၅ ဦးကို ကာကွယ်ဆေးထိုး ပေးနိုင်ခဲ့သည်။
ဆင်ဟွာ