မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၉၇၅၁ ဦးထပ်မံတွေ့ရှိ

 

ကွာလာလမ်ပူ  အောက်တိုဘာ  ၉


မလေးရှားနိုင်ငံတွင် အောက်တို ဘာ ၈ ရက်ညပိုင်းတွင်  ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ  ၉၇၅၁ ဦး  တိုးလာပြီး  တစ်နိုင်ငံလုံးအနှံ့ စုစုပေါင်းကူးစက်ခံရသူ   အရေ အတွက်မှာ  ၂၃၂၃၄၇၈   ဦးရှိလာ သည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ပြောသည်။ 


နောက်ထပ်  ကူးစက်ခံရသူ များအနက်  ၁၅  ဦးမှာ    ပြည်ပမှ ကူးစက်ခံလာရသူများ      ဖြစ်ပြီး ဒေသတွင်းကူးစက်ခံရသူ    ၉၇၃၆ ဦးရှိသည်ဟု      ဝန်ကြီးဌာန၏  ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 


နောက်ထပ်သေဆုံးသူ ၇၈ ဦး တိုးလာသည့်အတွက်   သေဆုံးသူ စုစုပေါင်းမှာလည်း   ၂၇၁၉၁   ဦး အထိ  ရှိလာသည်။   ပြန်လည် ကျန်းမာလာပြီးနောက်  ဆေးရုံမှ ဆင်းသွားသူ           အရေအတွက်မှာ လည်း ၁၂၇၂၄ ဦး တိုးလာခဲ့သည်။ 


လက်ရှိ   ရောဂါခံစားနေရသူ အရေအတွက်မှာ ၁၂၅၉၉၉ ဦးရှိပြီး ၇၉၂ ဦးမှာ  အထူးကြပ်မတ်ကုသ ဆောင်တွင်       ကုသမှုခံယူနေရ သည်။ 
အောက်တိုဘာ   ၈   ရက် တစ်ရက်တည်းတွင်ပင်  ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၇၄၈၂၀ ထိုးနှံပေးနိုင်ခဲ့ပြီး    ကာကွယ်ဆေး   တစ်ကြိမ်ထိုးပြီးသူ  အရေအတွက် မှာ ၇၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ ကာကွယ်ဆေး   အပြည့်ထိုးပြီးသူ အရေအတွက်မှာမူ  ၆၄  ဒသမ  ၆ ရာခိုင်နှုန်းရှိသည်။        

 ဆင်ဟွာ