မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၁၁၇ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ     ဇူလိုင်    ၂၇

 


မလေးရှားနိုင်ငံ၌  ယနေ့တွင်   ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ  ၁၆၁၁၇  ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၄၄၀၇၁ ဦးရှိလာကြောင်း      မလေးရှားကျန်းမာရေးဝန်ကြီး ဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။


ယင်းသို့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၁၁၇ ဦးအနက် ၁၆၀၉၁  ဦးသည်  ပြည်တွင်း၌       ကူးစက်ခံရသူများဖြစ်ကြောင်းနှင့်  ၂၆ ဦးသည် ပြည်ပမှ ပြန်လာသူများအနက်မှ ကူးစက် ခံရသူများဖြစ်ကြောင်း        မလေးရှားကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ဟစ်ရှမ်အဗ္ဗဒူလာ က  သတင်းထုတ်ပြန်ချက်တစ်ရပ်တွင်  ပြောကြား သည်။


ထို့ပြင်  မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉  ရောဂါ ကြောင့် သေဆုံးသူ ၂၀၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၈၄၀၈ ဦးရှိလာကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ မှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်  ရရှိသူ ၁၁၅၂၆ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၈၆၅၄၃၉ ဦး ရှိလာပြီး ယင်းအရေအတွက်သည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအားလုံး၏ ၈၂ ဒသမ  ၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


လက်ရှိတွင်    မလေးရှားနိုင်ငံ၌    ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ  ၁၇၀၂၂၄    ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၂၃ ဦးသည်  အထူးကြပ်မတ် ကုသဆောင်များ၌     ဆေးဝါးကုသမှု   ခံယူလျက် ရှိကြောင်းနှင့် ၅၂၄ ဦးသည်  အသက်ရှူအထောက် အကူပြုကိရိယာများ လိုအပ်လျက်ရှိကြောင်း  သိရ သည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်