မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၅၄ သန်းကျော်ရှိလာ

ကွာလာလမ်ပူ   နိုဝင်ဘာ   ၁၄


မလေးရှားနိုင်ငံ၌  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၀၉ ဦးရှိခြင်းကြောင့်  ကူးစက် ခံရသူပေါင်း ၂၅၄၁၁၄၇  ဦးရှိလာကြောင်း   မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


အဆိုပါတစ်ရက်အတွင်း  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၅၈၀၉ ဦးအနက် ၅၇၈၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့်  ၂၇  ဦးသည်  ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြထား သည်။


ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်  သေဆုံးသူ ၅၅ ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း  ၂၉၆၃၁ ဦးရှိလာကြောင်း  သိရ သည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၇၁၂ ဦးရှိခြင်း ကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၂၄၄၆၁၉၇  ဦးရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာပေါင်း ၆၅၃၁၉ ဦးရှိကြောင်း၊ ယင်းတို့အနက် ၅၂၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၂၇၇ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ် လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၄ သန်းခန့်သည်        ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်  ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၇၅ ဒသမ ၉ ရာခိုင်နှုန်းသည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရ သည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်