မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း  ၂ ဒသမ ၆ သန်းကျော်ရှိလာ


ကွာလာလမ်ပူ  နိုဝင်ဘာ  ၂၈


မလေးရှားနိုင်ငံ၌  ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၉၇ ဦးထပ်မံတွေ့ရှိရသဖြင့်  ကူးစက် ခံရသူပေါင်း ၂၆၁၉၅၇၇ ဦးရှိလာကြောင်း    မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက  ယနေ့တွင်  ပြောကြား သည်။


ယမန်နေ့က ကူးစက်ခံရသူ ၅၀၉၇ ဦးအနက် ၅၀၈၀  သည်    ပြည်တွင်း၌   ကူးစက်ခံရသူများဖြစ် ကြောင်းနှင့်    ၁၇ ဦးသည်    ပြည်ပမှပြန်လည် ရောက်ရှိလာသူများအနက်မှ  ကူးစက်ခံရသူများ ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြထားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ ကြောင့် သေဆုံးသူ  ၄၀ ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း  ၃၀၂၈၀ ရှိလာ ကြောင်း သိရသည်။ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှပြန်လည်ကျန်းမာလာသူပေါင်း  ၂၅၂၂၀၄၅ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ ၆၇၂၅၂ ဦးရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏  ၇၉ ဒသမ        ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၇ ဒသမ ၁ ရာခိုင်နှုန်းသည်  ကာကွယ်ဆေးနှစ်ကြိမ်   ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်