
ကွာလာလမ်ပူ ဒီဇင်ဘာ ၈
မလေးရှားနိုင်ငံ၌ ဒီဇင်ဘာ ၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၆၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၆၆၇၉၉၉ ဦး ရှိလာကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၆၅ ဦးအနက် ၄၉၃၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရ သူများဖြစ်ကြောင်းနှင့် ၂၉ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၆၆ ဦးထပ်မံတွေ့ရှိခြင်း ကြောင့် အဆိုပါရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၀၇၁၈ ဦးရှိလာကြောင်း သိရ သည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ မှ ပြန်လည်ကျန်းမာလာသူ ၄၈၁၇ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၂၅၇၆၈၇၀ ရှိလာကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာ စုစုပေါင်း ၆၀၄၁၁ ဦးရှိကြောင်း၊ ယင်းတို့အနက် ၄၃၇ ဦးသည် အထူးကြပ်မတ်ကုသဆောင် များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း နှင့် ၂၄၀ သည် အသက်ရှူအထောက် အကူပြုကိရိယာများ လိုအပ်လျက်ရှိ ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ဒီဇင်ဘာ ၇ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၂၄၄၉၉ လုံး အသုံးပြုခဲ့ပြီး နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၇၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်