မလေးရှားနိုင်ငံ၌ ရေကြီးမှုများကြောင့် နောက်ထပ် ကိုးဦးသေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၁၇ ဦးအထိရှိလာ

 

ကွာလာလမ်ပူ   ဒီဇင်ဘာ   ၂၂ 


မလေးရှားနိုင်ငံ၌ ကြောက်မက်ဖွယ်ရာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် နောက်ထပ်  ကိုးဦးသေဆုံး ကြောင်းဖော်ပြမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၁၇ ဦးအထိတိုးလာကြောင်း ဆီလန်ဂေါ အာဏာပိုင်များက ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြခဲ့သည်။ 

 


ရေစတင်ကျလာသည့်အတွက်      နောက်ထပ် သေဆုံးသူများကို ထပ်တွေ့ရနိုင်ကြောင်း ဆီလန်ဂေါ ပြည်နယ်ဝန်ကြီးချုပ်  အမီရူဒင်ရှာရီက  သတင်းစာ  ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြည်နယ်အစိုးရ သည် ရေဘေးဒုက္ခသည်များကို ကူညီရန်လိုအပ်သော  အရင်းအမြစ်များကို အသင့်ပြင်ဆင်ထားကြောင်း သိရသည်။ 

 


ယခုလိုအချိန်တွင် မိမိတို့၏ အဓိက ဦးတည်ချက် သည် ရှာဖွေကယ်ဆယ်ရေးများကို ထိထိရောက်ရောက် လုပ်ဆောင်သွားနိုင်ရန်နှင့်    အကူအညီ    လိုအပ်သူ များထံ        အရောက်လှမ်းနိုင်ရန်ပင်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ 

 


ထို့အတူ ဒီဇင်ဘာ  ၂၁  ရက် ဒေသစံတော်ချိန် ည   ၁၀   နာရီအထိ  ပြည်နယ်   ခုနစ်ခုအပါအဝင် မြို့တော် ကွာလာလမ်ပူပြည်ထောင်စုနယ်မြေတွင်  ရေကြီးနစ်မြုပ်မှုကြောင့်      ရွှေ့ပြောင်းရသူပေါင်း ၆၉၄၀၀ ကျော်  ရှိလာကြောင်း  မလေးရှားလူမှုဖူလုံရေး ဌာနက ထုတ်ပြန်လိုက်သော သတင်းအချက်အလက် များအရ သိရသည်။ 

 


ရေကြီးနစ်မြုပ်မှုအဆိုးဆုံးဖြစ်ပွားသော ဒေသ မှာ   မလေးရှားနိုင်ငံ    အရှေ့ဘက်   ကမ်းရိုးတန်း တစ်လျှောက် ပီဟန်ဒေသဖြစ်ပြီး လူပေါင်း ၄၂၀၀၀  ကျော်     ရေဘေးဒုက္ခကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ ထို့နောက် ဆီလန်ဂေါ ပြည်နယ်တွင်လည်း   လူပေါင်း   ၂၃၀၀၀    ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ 

 


မလေးရှားနိုင်ငံတွင် မိုးပိုလာနိုင်ကြောင်း မိုးလေ ဝသဌာနက   သတိပေးခဲ့သည်။   ဝန်ကြီးချုပ်   အစ္စ မေးလ်ယာ့ကော့ဘ်သည်   သက်ဆိုင်ရာ  ပြည်နယ် ဝန်ကြီးချုပ်များအား  ရေကြီးမှုကိုရင်ဆိုင်ရန် ပြင်ဆင် ထားသည်ကိုတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

 


ကမ်းရိုးတန်း   ပြည်နယ်များသည်    နှစ်စဉ် ရေကြီးမှုအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားချိန်တွင်  ဆီလန်ဂေါအခြေအနေသည် မခန့်မှန်းနိုင်အောင်ဖြစ်ခဲ့ ကြောင်းနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အပေါ်  တုံ့ပြန်ရေးနှင့်ပတ်သက်ပြီး  ပြဿနာများ ရှိကြောင်း သိရသည် ။ 


ဆင်ဟွာ