
ကွာလာလမ်ပူ စက်တင်ဘာ ၂၉
မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၃၃၂ ဦး ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၂၂၀၅၂၆ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၃၃၂ ဦးအနက် ၁၁၃၀၉ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၂၃ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ အနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြ ထားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၄၀ ထပ်တိုးလာသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၅၉၃၅ ဦး ရှိလာ ကြောင်း သိရသည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၄၁၆၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၂၀၂၀၀၉၉ ဦးရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၁၇၄၄၉၂ ဦးရှိကြောင်း၊ ယင်းတို့အနက် ၉၈၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၅၆၃ ဦးသည် အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၆၁ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်