
ကွာလာလမ်ပူ အောက်တိုဘာ ၂၄
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၂၈ ဦးရှိခြင်း ကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂၆၀၅၀ ရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၂၈ ဦးအနက် ၅၈၂၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်းနှင့် ခုနစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်ပြန်သည့်အချက်အလက် များက ဖော်ပြထားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၂ ဦး ထပ်တိုး လာသဖြင့် သေဆုံးသူစုစုပေါင်း ၂၈၃၅၄ ဦးရှိလာကြောင်း သိရသည်။
အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူ ၉၁၇၈ ဦးရှိခြင်းကြောင့် ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၂၃၂၀၃၉၁ ဦး ရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၇၇၃၀၅ ဦး ရှိကြောင်း၊ ယင်းတို့အနက် ၆၂၀ သည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်းနှင့် ၂၉၇ ဦး သည် အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၇ ဒသမ ၆ ရာခိုင်နှုန်း သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၇၂ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်