မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၇၄၀ ရှိ

ကွာလာလမ်ပူ   ဩဂုတ်   ၁၆


မလေးရှားနိုင်ငံ၌  ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၇၄၀ ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်း ၌  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူစုစုပေါင်း ၁၄၂၄၆၃၉ ဦး ရှိလာကြောင်း    မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက    ယနေ့တွင်   ပြောကြား သည်။


အဆိုပါတစ်ရက်အတွင်း    ကူးစက်ခံရသူ ၁၉၇၄၀ အနက် ၁၉၇၂၁ ဦးသည်   ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၉ ဦးသည်  ပြည်ပမှပြန်လာသူများအနက်မှ   ကူးစက်ခံရသူ များဖြစ်ကြောင်း          မလေးရှားကျန်းမာရေးဝန်ကြီး နော်ဟစ်ရှမ်အဗ္ဗဒူလာက  သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။
ထို့ပြင်  မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၄ ဦး ထပ်မံတိုးလာခြင်း ကြောင့်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၇၈၄ ဦး ရှိလာကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံများမှ ဆင်းခွင့် ရရှိသူ ၁၇၄၅၀ ရှိခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၁၆၂၅၇၈ ဦး ရှိလာကြောင်းနှင့်  ယင်းအရေအတွက်သည် နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၏ ၈၁ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိဆဲ လူနာ ၂၄၉၂၇၇ ဦး ရှိကြောင်း၊ ယင်းတို့ အနက် ၁၀၄၇ ဦးသည် အထူးကြပ်မတ်ကုသဆောင် များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၅၂၀ သည်   အသက်ရှူအထောက်အကူပြုကိရိယာများ
လိုအပ်လျက်ရှိကြောင်း  သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်