မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၅၇၉ ဦးရှိ

ကွာလာလမ်ပူ    ဩဂုတ်   ၂၉


မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၂၀၅၇၉  ဦး  ထပ်မံ တွေ့ရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ စုစုပေါင်း ၁၇၀၆၀၈၉ ဦး ရှိလာကြောင်း  မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


အဆိုပါတစ်ရက်အတွင်း  ကူးစက် ခံရသူများအနက်    ၂၀၅၇၂   ဦးသည် ပြည်တွင်း၌          ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ခုနစ်ဦးသည် ပြည်ပမှ  ပြန်လည်ရောက်ရှိလာသူများ    အနက် မှ    ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးချုပ်    နော်ဟစ်ရှမ် အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။


မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကြောင့်   သေဆုံးသူ ၂၈၅    ဦး  ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူ စုစုပေါင်း  ၁၆၀၈၇  ဦးရှိလာကြောင်း သိရသည်။ 


ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ       ပြန်လည်ကျန်းမာလာသူ  ၂၀၈၄၅  ဦး    ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၁၄၂၂၀၀၅ ဦး ရှိလာ ကြောင်းနှင့်  ယင်းအရေအတွက်သည် ကိုဗစ်-၁၉    ရောဂါ   ကူးစက်ခံရသူ စုစုပေါင်း၏ ၈၃ ဒသမ  ၄  ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


လက်ရှိတွင်    မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉    ရောဂါပိုးတွေ့ရှိဆဲလူနာ ၂၆၇၉၉၇ ဦးရှိကြောင်း၊ ယင်းတို့အနက် ၁၀၀၉ ဦးသည် အထူးကြပ်မတ်  ကုသ ဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက် ရှိကြောင်းနှင့် ၄၇၇ ဦးသည် အသက်ရှူ အထောက်အကူပြု      ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်