မလေးရှားနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၁၆၀၇၃ ဦး ထပ်မံတွေ့ရှိ 


 

ကွာလာလမ်ပူ စက်တင်ဘာ ၁၄


မလေးရှားနိုင်ငံတွင် နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၆၀၇၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး အနှံ့   စုစုပေါင်း  ကူးစက်ခံရသူ အရေအတွက်မှာ ၁၉၉၅၇၇၁ ဦးရှိ သည်ဟု သိရသည်။ နောက်ထပ် ကူးစက်ခံရသူများအနက် ၂၁ ဦး မှာ ပြည်ပမှ ကူးစက်ခံလာရသူများ ဖြစ်ပြီး ဒေသတွင်း ကူးစက်ခံရသူ ၁၆၀၅၂ ဦးရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန     ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ နှင့်   ဆက်စပ်ပြီး နောက် ထပ်မံသေဆုံးသူ ၄၁၃ ဦး တိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၂၁၁၂၄  ဦးရှိသည်။ လက်ရှိတွင် ရောဂါခံစားနေရသူ ၂၂၈၁၂၄  ဦးရှိပြီး   ၁၃၀၁  ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရသည်။ ၎င်းတို့ထဲ မှ   ၆၈၇    ဦးမှာ    အသက်ရှူ     အထောက်အကူပြု      ကိရိယာ တပ်ဆင်ထားရသည်။  
စက်တင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉  ကာကွယ်ဆေးအလုံး ရေ ၂၂၇၁၄၇  ကို  ထိုးနှံပေးခဲ့ပြီး တစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၆၆ ရာခိုင်နှုန်းရှိသည်။ ကာကွယ် ဆေးနှစ်ကြိမ်ထိုးပြီးသူ        ၅၃    ဒသမ   ၅    ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ဆင်ဟွာ