
ကွာလာလမ်ပူ သြဂုတ် ၂၃
မလေးရှားနိုင်ငံတွင် သြဂုတ် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၇၆၇၂ ဦးတိုးလာ ကြောင်း အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၁၅၇၂၇၆၅ ဦး အထိရောက်ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ရှစ်ဦးမှာ ပြည်ပ ကူးစက်မှုဖြစ်ပြီး ၁၇၆၆၄ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။
နောက်ထပ် ၁၇၄ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၄၃၄၂ ဦး ရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းလာသူ ၁၉၀၅၃ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၂၉၇၇၂၃ ဦး သို့မဟုတ် ၈၂ ဒသမ ၅ ရာခိုင်နှုန်းရှိလာပြီ ဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၂၆၀၇၀၀ အနက် ၁၀၄၀မှာ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့အနက် ၅၀၂ ဦးမှာ အသက်ရှူအထောက် အကူ လိုအပ်လျက်ရှိကြောင်း သိရသည်။ ဆင်ဟွာ