မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၀၆၆ ဦးတိုးလာ

 

 

ကွာလာလမ်ပူ အောက်တိုဘာ ၄ 


မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃ ရက် ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၀၆၆ ဦး  တိုးလာကြောင်း အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၂၇၇၅၆၅ ဦးအထိရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။ 
ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားသူ ၁၂ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၉၀၅၄ ဦးမှာ ပြည်တွင်းကူးစက် မှုဖြစ်ကြောင်း ဖော်ပြထားသည်။  နောက်ထပ် ၁၁၈ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၆၆၈၃ ဦးရှိလာခဲ့ပြီ ဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး  ဆေးရုံမှ ဆင်းလာသူ ၁၄၄၅၄ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၂၁၀၀၅၆၅ ဦး ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၁၅၀၃၁၇ ဦးအနက် ၈၆၀ မှာ အထူးကြပ်မတ် ကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး  ၎င်းတို့အနက်  ၄၇၈ ဦးမှာ အသက်ရှူအထောက်အကူပြု ကိရိယာလိုအပ်လျက်ရှိကြောင်း သိရ သည်။                                                                          ဆင်ဟွာ