
ကွာလာလမ်ပူ ဒီဇင်ဘာ ၂၈
မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက် ညသန်းခေါင်အချိန်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၂၇၅၇ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည် ပြုလူနာစုစုပေါင်း ၂၇၄၃၉၃၆ ဦး ရှိလာပြီဖြစ်သည်။
အသစ်ထပ်မံ ကူးစက် ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူများအနက် ၁၆၃ ဦးမှာ ပြည်ပ ကူးစက်သူများဖြစ် ပြီး၂၅၉၄ ဦးမှာ ပြည်တွင်းကူးစက် သူများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေ သူ၄၂၉၁၇ ဦး ရှိသည့်အနက် ၂၉၇ ဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင် ကုသလျက်ရှိပြီး ၁၆၉ ဦးမှာ အသက်ရှူအထောက် အကူပြုကိရိယာ လိုအပ်လျက် ရှိသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးပြီး သူပေါင်း ၇၉ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အပြည့် အဝထိုးနှံပြီးသူ ပေါင်း ၇၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်သည်။
ဆင်ဟွာ