မလေးရှားတွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူတစ်ဦး တွေ့ရှိမှုနှင့်အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၆၄၄၀၂၇ ဦးအထိရှိလာ

 

ကွာလာလမ်ပူ ဒီဇင်ဘာ ၃  

မလေးရှားနိုင်ငံတွင်   ပထမဆုံး အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ်  ကူးစက်ဖြစ်ပွားသူတစ်ဦးရှိလာပြီဖြစ်ကြောင်း   ကျန်းမာရေးဝန်ကြီး   ခါရီဂျမာလူဒင်က ဒီဇင်ဘာ ၃ ရက် က ပြောကြားလိုက်သည်။ ကူးစက် ဖြစ်ပွားသူမှာ တောင်အာဖရိကမှ နိုဝင်ဘာ ၁၉ ရက်က  ရောက်ရှိ လာသော မလေးရှားကျောင်းသား  တစ်ဦးဖြစ်ကြောင်း      ခါရီက သတင်းစာရှင်းလင်းပွဲတွင်   ပြော ကြားခဲ့သည်။ 

 


မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၃  ရက်က   ကိုဗစ်-၁၉    ထပ်မံ ကူးစက်ဖြစ်ပွားသူ    ၅၈၀၆ ဦး တိုးလာကြောင်း အတည်ပြုဖော်ပြ မှုနှင့်အတူ နိုင်ငံအတွင်း  စုစုပေါင်း  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၆၄၄၀၂၇ ဦးအထိ ရှိလာ ပြီဖြစ်ကြောင်း    ကျန်းမာရေး ဝန်ကြီးဌာနက   ထုတ်ပြန်ဖော်ပြ လိုက်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၁ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၅၇၉၅ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန   ဝက်ဘ်ဆိုက်တွင်    ဖော်ပြ ထားသည်။  

 


နောက်ထပ် ၄၇ ဦး ကိုဗစ်-၁၉ ကြောင့်   ထပ်မံသေဆုံးကြောင်း  ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်- ၁၉ ကြောင့်သေဆုံးသူ ၃၀၅၂၁  ဦး ရှိလာခဲ့ပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး    ဆေးရုံမှ ဆင်းလာသူ ၇၂၄၆ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း  ၂၅၅၁၂၅၃  ဦး  ရှိလာပြီ ဖြစ်သည်။

 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၆၂၂၅၃ ဦးအနက် ၅၁၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင် တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၂၆၆ ဦးမှာ အသက် ရှူ   အထောက်အကူ   ကိရိယာ လိုအပ်လျက်ရှိကြောင်း သိရသည်။ 
ဒီဇင်ဘာ   ၂ ရက်    တစ်ရက် တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ   ၁၅၀၃၅၇  ဦးရှိခဲ့ရာ လူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်း မှာ     ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်   ထိုးနှံပြီးဖြစ်ကြောင်း သိရပြီး ၇၇ ဒသမ ၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပြီးပြီဖြစ်သည်။              

ဆင်ဟွာ