မလေးရှားတွင် ကိုဗစ်-၁၉ အသစ်ကူးစက်ဖြစ်ပွားသူ ၅၁၆၂ ဦးရှိပြီး ၄၅ ဦး ထပ်မံသေဆုံး

 

ကွာလာလမ်ပူ  နိုဝင်ဘာ  ၁၅   
မလေးရှားနိုင်ငံတွင်      နိုဝင်ဘာ   ၁၄   ရက် ညသန်းခေါင်အချိန်အထိ   ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၁၆၂ ဦးအထိ ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း   ကိုဗစ်-၁၉    အတည်ပြုလူနာ စုစုပေါင်း ၂၅၄၆၃၀၉ ဦး ရှိလာပြီဖြစ်သည်။ 
အသစ်ထပ်မံ     ကူးစက်ဖြစ်ပွားသော  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူများအနက် ၁၁ ဦးမှာ ပြည်ပကူးစက်သူများဖြစ်ပြီး  ၅၁၅၁  ဦးမှာ ပြည်တွင်းကူးစက်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၄၅ ဦး ထပ်မံ သေဆုံးခဲ့ရာ   စုစုပေါင်း  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းမှာ ၂၉၆၇၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။    ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု မှ    ပြန်လည်ကောင်းမွန်လာပြီး‌    ဆေးရုံမှ    ဆင်းလာသူ  ၅၀၁၉  ဦးအပါအဝင် စုစုပေါင်း   ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၄၅၁၂၁၆ဦး ရှိပြီ ဖြစ်သည်။ 
လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နေသူ ၆၅၄၁၇ ဦးရှိသည့်အနက်  ၅၂၄ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသလျက် ရှိပြီး ၂၆၅ ဦးမှာ အသက်ရှူ အထောက်အကူ ကိရိယာ လိုအပ်လျက်ရှိသည်။ 
နိုင်ငံအတွင်း    ကိုဗစ်-၁၉    ကာကွယ် ဆေး  အနည်းဆုံးတစ်ကြိမ်ထိုးပြီး သူပေါင်း ၇၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး အပြည့်အဝထိုးနှံ ပြီးသူပေါင်း   ၇၆  ရာခိုင်နှုန်းအထိ   ရှိလာပြီ ဖြစ်သည်။                                     ဆင်ဟွာ