
ကွာလာလမ်ပူ အောက်တိုဘာ ၂၆
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၄၇၈၂ ဦး တိုးလာကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၄၃၆၄၉၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၄၇၆၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင်ဖော်ပြ ထားသည်။ နောက်ထပ် ၉၂ ဦး ကိုဗစ်-၁၉ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြ မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၈၄၉၂ ဦးရှိလာခဲ့ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှဆင်းလာသူ ၇၄၁၄ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၂၃၃၄၇၈၃ ဦးရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်လျက်ရှိသူ ၇၃၂၂၃ ဦးအနက် ၆၀၂ ဦးမှာ အထူးကြပ်မတ် ကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အနက် ၃၀၀ မှာ အသက်ရှူအထောက်အကူ ကိရိယာလိုအပ်လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်တစ်ရက်တည်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၁၈၄၁၆၂ ဦးရှိခဲ့ရာ လူဦးရေ၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းသိရပြီး ၇၃ ဒသမ ၂ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့် အဝ ထိုးနှံပြီးပြီဖြစ်သည်။ ဆင်ဟွာ