
မြန်အောင် မေ ၇
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၌ မေ ၅ ရက် ည ၉ နာရီခွဲခန့်က မိုးရွာသွန်းမှုကြောင့် အမှတ် (၁)ရပ်ကွက် မကျီးစုတာကြီးတန်းနေ ဦးမြင့်ဦး၏ သွပ်မိုး၊ထရံကာ ၊ဝါးခင်း လူနေအိမ်ပေါ်သို့ ပင်စည်ဆွေး မြည့်နေသော ကုက္ကိုပင်ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်အတွင်းရှိ ဒေါ်တင်မိုးခိုင်၏ ယာဘက် ပေါင်တွင် ထိခိုက်ဒဏ်ရာရသဖြင့် မြန်အောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် သစ်ပင်ပြိုလဲရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)