
အာဆင်နယ် အသင်းသည် မန်းစီးတီးအသင်းမှ ဇင်ချန်ကို ကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထား သည်။
လက်ရှိတွင် အဆိုပါ ကစား သမားသည် အမေရိကန်နိုင်ငံ တွင် ရာသီအကြို ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားရန် မန်စီးတီး အသင်းနှင့် ပူးပေါင်းလျက်ရှိ ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် ယူကရိန်း ကစားသမားသည် ၎င်း၏ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရန်အတွက် လာမည့် ရက်အနည်းငယ်အတွင်း အင်္ဂလန် သို့ ပြန်လာဖွယ်ရှိနေသည်။
ဇင်ချန်ကိုသည် မန်စီးတီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၈ ပွဲ ပါဝင်ကစားထားပြီး နှစ်ဂိုးသွင်းယူပေးထားသည်။
၎င်းသည် မန်စီးတီးအသင်း နှင့်အတူ ပရီမီယာလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ် ဆွတ်ခူးရရှိအောင် စွမ်းဆောင် ပေးထားသည်။
ဇင်ချန်ကိုသည် အာဆင်နယ် အသင်းနှင့် လေးနှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေပြီး ယခုလအစောပိုင်း တွင် မန်စီးတီးအသင်းမှ ဂျီးဆပ်ပြီးနောက် ဒုတိယမြောက် ရောက်ရှိလာမည်ဖြစ်သည်။
အာဆင်နယ် အသင်းသည် ယခု အပြောင်းအရွှေ့ကာလ တွင် မာကွင်ဟို၊ တာနာ၊ ဗီရဲရား နှင့် ဂျီးဆပ်တို့ကို ခေါ်ယူထားပြီး ဖြစ်သည်။
အောင်ဇော်