
ဘားအံ ဩဂုတ် ၁၀
MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင်၌ ဒေသခံ ပြည်သူများစုရုံး၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းဖက် MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကို တိုင်းရင်းသားပြည်သူများမှ ကန့်ကွက်ရှုတ်ချပါ သည်။ အကြမ်းဖက် MNDAA အမည်ခံ ကိုးကန့် သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့အစည်းများ အား တိုင်းရင်းသားအဖွဲ့အစည်းများမှ အလိုမရှိ၊ နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး)၊ အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း (ချက်ချင်းရပ်)၊ စစ်ရေးပစ်မှတ်မဟုတ်သော အများ ပြည်သူနေရာများ အားပစ်ခတ်ခြင်း (ချက်ချင်းရပ်)၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ (ချက်ချင်းရပ်)၊ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ (အလိုမရှိ)၊ မြန်မာ့တပ်မတော်၏ တရားသောစစ် (အောင်ရမည်) ဗီနိုင်းများနှင့် CRPH၊ NUG၊ PDF ၊MNDAA၊ AA၊ TNLA တို့၏ အကြမ်းဖက်လုပ်ရပ် ဓာတ်ပုံများကိုင်ဆောင်၍ သတ်မှတ်နေရာတွင် နေရာယူကြပြီး နိုင်ငံတော်အလံကို အလေးပြုကြကာ နိုင်ငံတော်သီချင်းကို စုပေါင်းသီဆိုကြသည်။
ထို့နောက် ဆရာတော်တစ်ပါးက MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းပါ အဖွဲ့အစည်းများကို ဆန့်ကျင်ရှုတ်ချကြောင်း ဟောပြောကာ လှိုင်းဘွဲမြို့နယ်မှ ပြည်သူတစ်ဦးက MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် အပေါင်းအပါအဖွဲ့အစည်းများ၏ လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ကရင်ဘာသာဖြင့် ဟော ပြောသည်။
ထို့နောက် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ အကြမ်းဖက် MNDAA အမည်ခံ ကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့ အစည်းများအား (အလိုမရှိ)၊ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်း(ချက်ချင်းရပ်)၊ စစ်ရေးပစ်မှတ်မဟုတ် သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း (ချက်ချင်းရပ်)၊ MNDAA ၏ လူမဆန်သောရက်စက် ယုတ်မာမှုများ (ချက်ချင်းရပ်)၊ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ (အလိုမရှိ)၊ မြန်မာ့တပ်မတော်၏ တရားသောစစ် (အောင်ရမည်) စသည့် ကြွေးကြော်သံ များ ကြွေးကြော်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ပြီး ဆန့်ကျင်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)