မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော် ဒုတိယနေ့၌ လည်ပတ်သူများဖြင့် စည်ကား

 

မင်းဘူး    ဇွန်     ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင်    မင်းဘူးမြို့၌    နယ်လှည့် ဈေးရောင်းချသူများ     အဖွဲ့က ဦးဆောင်ကျင်းပသည့်    စုပေါင်း ဈေးရောင်းပွဲတော်ကို ဇွန် ၁၇ ရက် ညနေပိုင်းမှ    စတင်ပြီး    မင်းဘူး မြို့    အမှတ်(၄)     ရပ်ကွက်ရှိ ဗြဟ္မစိုရ်  လူမှုကူညီရေးအသင်း     ရုံးဝင်းအတွင်း၌     ပြုလုပ်လျက် ရှိရာ ဈေးရောင်းပွဲတော် ဒုတိယ နေ့အဖြစ်  ဇွန်  ၁၈  ရက် ညပိုင်း က လာရောက်လည်ပတ်သူများ ဖြင့်    အထူးစည်ကားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်တွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ် စသည့် လူသုံးကုန်ပစ္စည်း အမျိုးမျိုး၊ နိဗ္ဗာန်ကုန်အရောင်း ဆိုင်ပစ္စည်းအမျိုးမျိုး၊  မီးဖိုချောင်နှင့်  အိမ်သုံးပစ္စည်းအမျိုးမျိုး၊  ကလေး ကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို   နယ်လှည့်ဈေးရောင်းချသည့်   ဈေးသည်များ၏  စားဝတ်နေရေး အဆင်ပြေစေရန် ရောင်းချခွင့်ပြုပေးရခြင်းဖြစ်ကြောင်း၊ ဈေးရောင်း ပွဲတော် ဒုတိယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ် သူများဖြင့်  စည်ကားပြီး  စားသောက်ဆိုင်တန်းများ၊  အညာဒေသ ရိုးရာမုန့်မျိုးစုံ ဆိုင်တန်းများနှင့် ကလေးကစားကွင်းများလည်း ပါဝင် ကာ စျေးရောင်းပွဲတော်ကာလ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။
အဆိုပါဈေးရောင်းပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၄ ရက်အထိ  ပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။                           မောင်မောင်(မင်းဘူး)