မင်းဘူးမြို့စည်ပင်သာယာရေးရုံးဝင်းအတွင်းရှိ ရေအကောက်ခွန်ရုံးအနီး လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

 

မင်းဘူး နိုဝင်ဘာ ၆


မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့   စည်ပင်သာယာရေး ရုံးဝင်းအတွင်းရှိ ရေအကောက်ခွန်ရုံးအနီး ယနေ့နံနက် ၈ နာရီခန့်က    လက်လုပ်မိုင်းတစ်လုံး    ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း  မင်းဘူးမြို့မရဲစခန်းမှ   သိရသည်။ 

 


ဖြစ်စဉ်မှာ  ယနေ့ နံနက် ၈ နာရီခန့်က   မင်းဘူး-မကွေး ကားလမ်းဘေး  မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်   မြို့နယ် စည်ပင်သာယာရေး    ရုံးဝင်းအတွင်းရှိ  ရေအကောက်ခွန်ရုံးနှင့် အိမ်သာကြား သွပ်မိုးအောက်တွင်   လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး   ရေခွန်ရုံး၏  ကျောက်ပြားနံရံ၊ အိမ်သာတံခါးနှင့်          ရေအကောက်ခွန်ရုံသွပ်မိုးတို့ အနည်းငယ်ပျက်စီးသွားကြောင်း၊ လူနှင့်အခြား ထိခိုက်မှု မရှိဘဲ      ပေါက်ကွဲမှုဖြစ်စဉ်အနီးတွင်    ဓာတ်ခဲအပိုင်းအစ နှစ်ခုနှင့် သံတိုသံစ အပိုင်းအစ ၁၄  ခု  စစ်ဆေးတွေ့ရှိခဲ့ကြောင်း  မင်းဘူးမြို့မရဲစခန်းမှ   တာဝန်ရှိသူတစ်ဦးက   ပြောသည်။

 


ဖြစ်စဉ်နှင့်   ပတ်သက်၍     မြို့နယ်စည်ပင်သာယာရေး ရုံးဝင်းအတွင်းရှိ ရေခွန်ရုံးကို လက်လုပ်မိုင်းဖြင့်  ပစ်ပေါက် သွားသူကို  အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်   စုံစမ်း ရှာဖွေစစ်ဆေးမှုများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                 
၅၀၀