မင်းဘူးမြို့၌ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထောက်ပံ့ငွေပေးအပ်

 

မင်းဘူး     ဩဂုတ်    ၇


မကွေးတိုင်းဒေသကြီး     မင်းဘူး မြို့ရှိ  မြို့နယ်လူမှုဖူလုံရေးရုံး၌    အကျုံးဝင်  မှတ်ပုံတင်ထားသည့်    ထောက်ရှာပင် - ထန်းကိုင်း  -   ရေနံမရေနံမြေမှ အာမခံအလုပ် သမားတစ်ဦးအလုပ်တွင်   ထိခိုက် သေဆုံးမှုအတွက်   ကျန်ရစ်သူ အကျိုးခံစားခွင့်    ငွေလုံးငွေရင်း ထောက်ပံ့ငွေ   ကျပ်သိန်း   ၉၀     ပေးအပ်ပွဲကို ဩဂုတ် ၇ ရက်က အဆိုပါရေနံမြေ    အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။


အခမ်းအနားတွင် မင်းဘူးမြို့  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း    ထောက်ရှာပင်-ထန်း ကိုင်း-ရေနံမရေနံမြေမှ    ဒုတိယ အထွေထွေမန်နေဂျာ ဦးမြတ်မင်း အောင်က  အမှာစကားပြောပြီး မကွေးတိုင်းဒေသကြီး  လူမှုဖူလုံ ရေးရုံးမှ  တိုင်းဒေသကြီးတာဝန်ခံ  လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြတ်မြတ်ဦးက ထောက်ပံ့ငွေ များပေးအပ်ရခြင်းနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်း စရာများကို  ရှင်းလင်းပြောကြား ပြီး  အကျိုးခံစားခွင့်ရှိသည့် မိခင် ဖြစ်သူ ဒေါ်အေးဌေးထံ ထောက်ပံ့‌ ငွေကျပ်သိန်း   ၉၀  ကို  ပေးအပ် သည်။


အလုပ်သမား     ဝန်ကြီးဌာန၊ မင်းဘူးမြို့နယ်လူမှုဖူလုံရေးရုံး၌  အကျုံးဝင်   မှတ်ပုံတင်ထားသည့် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေမှ    အာမခံအလုပ်သမား ဦးအောင်ပိုင်မင်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ  ၂၇  ရက် ည ၉ နာရီခွဲခန့် က ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေဧရိယာ (N55/6) တွင်းတူးစက်လုပ်ငန်းရှိ မန်ကျီးစု ကျေးရွာမှ တာဝန်ထမ်းဆောင်ပြီး ဆိုင်ကယ်ဖြင့်      မိမိနေအိမ်သို့ ပြန်လာသည့်လမ်းတွင် ဘယ်ဘက် ရင်အုံ၌ ချွန်ထက်သောအရာဖြင့် ထိုးသွင်းဒဏ်ရာရရှိ၍   သေဆုံးခဲ့ သည့်အတွက်    ကျန်ရစ်သူအကျိုး ခံစားခွင့်   ကျပ်သိန်း   ၉၀   ကို ငွေလုံးငွေရင်း    အကျိုးခံစားခွင့်ရှိ သည့်  မိခင်ဖြစ်သူထံ ထုတ်ပေး ရခြင်းဖြစ်ကြောင်း  မြို့နယ်လူမှု ဖူလုံရေးရုံးမှ    တာဝန်ခံ    ဦးစီး အရာရှိ       ဒေါ်သန်းသန်းအေးက ပြောသည်။


မောင်မောင် (မင်းဘူး)